Wednesday 28 November 2012

မုံရွာ တောင်သူလယ်သမားများကို အားပေးခဲ့သော သံဃာများ ကို အစိုးရက အကြမ်းဖက် ဖြို ခွဲ





မုံရွာပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော သံဃာတော်များ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

 နောက်ဆုံးရသတင်းများ


စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက "စစ်မြေပြင်"မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသ

ုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။

ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နို
င်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။

အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင
် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။

တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ
ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။
(အသောက)

Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင

် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။

Update 3:15 AM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Update 3:50 AM

ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Update 4:09 AM

လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။

Update 4:30 AM


လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။Eleven Media Group shared a link.

No comments :